ဘီးလင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

ဘီးလင်း   မတ်      ၁၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီအချိန်က မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက အသိပညာပေး Talk Show  ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး‌ဒေါ်ချမ်းမြေ့မြတ်နိုးက မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံ၊ မီးခိုးမြူငွေ့အမျိုးအစား၊ မီးခိုးမြူ‌ငွေ့ညစ်ညမ်းမှုဖြစ်‌ပေါ်ရသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာရသည့် နောက်ဆက်တွဲဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပွားသည့်အခါ လိုက်နာဆောင်ရွက်ရမည့် အ‌ကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး ဒုတိယလက်‌‌ထောက်ဦးစီးမှူးဒေါ်သက်နှင်းပွင့်က မီးခိုးမြူငွေ့ညစ်ညမ်းမှုကိုလျော့ချ နိုင်မည့်နည်းလမ်းများ၊ မြန်မာနိုင်ငံအနေဖြင့် မီးခိုးမြူ‌ငွေ့ညစ်ညမ်းမှုကို‌ လျော့ချရန်အတွက် လက်ရှိ‌ဆောင်ရွက်နေမှုများကို အကျယ်တဝင့် ရှင်းလင်း​ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘီးလင်း(ပြန်ဆက်)