မိုးမိတ်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မိုးမိတ်  မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုပြီးစီးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ မင်းအောင်လှိုင် ၂၀၂၂ခုနှစ် မတ်လ ၂၇ ရက်၊ (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ‌ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၃.၇.၁၉၄၇) ရက်နေ့ ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့ အစည်းအဝေး၌ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်များ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ “ပြည်သူချစ်တဲ့တပ်မတော်”ကဗျာ၊ အမျိုးသားနိုင်ငံရေး တာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာ ထမ်းဆောင်မှုများ၊ နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့သည့် အကြောင်းအရာများ ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)