မောက်မယ် မတ်၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စာစစ်ဌာနဖြစ်သည့် အခြေခံပညာအထက်တန်း ကျောင်း(မောက်မယ်)၌ တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့သော ကျောင်းသား/ကျောင်းသူများအား (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နေ့လယ် ၁၂နာရီ အချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၇−၃−၂၀၂၂ ရက်နေ့ (၇၇)နှစ် မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့်မိန်ခွန်းမှ ကောက်နုတ်ချက်၊ “စွမ်းအားရှိသမျှကာကွယ်ပေးမယ်” ဗိုလ်ချုပ် အောင်ဆန်း၏ ၁၃−၇−၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ပြည်သူချစ်တဲ့ တပ်မတော်ကဗျာ၊ ကာတွန်းစသည့် အချက်များ ပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များ အားဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)