မိတ္ထီလာ မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၄၇ ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ(VDP) (၄၇)သန်းနှင့် ပြည်သူထည့်ဝင်ငွေ(၆၂၀.၀၃၅)သန်းတို့ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း (၄)ခုနှင့် ကျေးရွာ တွင်းလမ်း၊ ကွန်ကရစ်ခင်းခြင်း၊ ဂျင်းခင်းခြင်းလုပ်ငန်း(၄၃)ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ သည်။ ယင်းသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၁၈ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၂၄၀.၁သန်း တို့ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း နှစ်ခု၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ဂျင်းခင်းခြင်းလုပ်ငန်း ၁၆ခုတို့ကို ဆောင်ရွက်ခဲ့ပြီး မလှိုင်မြို့နယ်တွင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ ၁၀ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၁၂၇.၀၂၅ သန်းတို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်း၊ဂျင်းခင်းခြင်းလုပ်ငန်း ၁၀ ခုတို့ကို ဆောင်ရွက်ခဲ့သည်။
၎င်းအပြင် သာစည်မြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၁၃ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၁၂၆.၉၁သန်း တို့ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း နှစ်ခု၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ဂျင်းခင်းခြင်းလုပ်ငန်း ၁၁ခုတို့ကို ဆောင်ရွက်ခဲ့ပြီး ဝမ်းတွင်းမြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၆ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၇၂သန်း တို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ဂျင်းခင်းခြင်းလုပ်ငန်း ၆ ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)