မိုးနဲမြို့နယ်၌  ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ် ဖြေဆို

မိုးနဲ မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က  ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်များ၊ ကျောင်းသား/သူ မိဘများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော် သားများက နေ့စဉ် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ စက်သံများ မဆူညံစေရေး၊ အေးချမ်းစွာ ဖြေဆိုနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိရာ မိုးနဲမြို့နယ်အနေဖြင့် ‌ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်ကို (၄၉)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုအားဖြင့် ၈၉.၃ ရာခိုင်နူန်းရှိကြောင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေမှ လာရောက်ကြီးကြပ်ပေးလျက်ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲကို မတ်လ ၈ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)