သိန္နီ မတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း၌ စိုက်ပျိုးထားသော ဆောင်းသီးနှံနှင့် နွေစပါးစံပြစိုက်ခင်းများအား ကွင်းဆင်း၍ ကြည့်ရှု့စစ်ဆေးခြင်းများကို မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သိန္နီမြိုနယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသိန်းထိုက်နှင့် ဝန်ထမ်းများက နောင်အွန်ကျေးရွာနှင့် ဟိုတာကျေးရွာနှင့် နားဆော့ကျေးရွာအုပ်စုများတွင် စိုက်ပျိုး ထားသော နေကြာစိုက်ခင်း၊ မြို့မကွင်း နွေစပါးစိုက်ခင်းနှင့် ပဲပုတ်စိုက်ခင်းများအား သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ကြည့်ရှုစစ်ဆေးရာ၌ စံပြစိုက်ခင်းများတွင် စိုက်ပျိုးထားသော သီးနှံများ ပိုးမွှားအန္တရာယ် ကျရောက်မှုမရှိစေရေး၊ ဓါတ်မြေသြဇာသုံးစွဲမှု မှန်ကန်စေရေး၊ ရေသုံးစွဲမှု စနစ်တကျရှိစေရေးနှင့် အီးအမ်ဘိုကာရှီ သဘာဝဓါတ်မြေသြဇာများ ပြုလုပ်သုံးစွဲရေးတို့အတွက် ကွင်းဆင်း စစ်ဆေးခဲ့ပြီး စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)