အမ်းမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

အမ်း မတ် ၁၅

ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက အနာဂတ် နိုင်ငံတာဝန်များကိုထမ်းဆောင်ရမည့် မျိုးဆက်သစ်ကျောင်းသား /သူလူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘော ဂဗလ တို့ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတ များရရှိစေရန်အချင်း ချင်းချစ်ခင်မှုရှိလာစေရန်၊ ပူးပေါင်းပါ ဝင်ဆောင် ရွက်သောအလေ့အ ထများ ရရှိလာစေရန်၊ မိမိတို့၏ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုတတ်လာစေရန်၊ စာပေကိုချစ် မြတ်နိုးလာစေရန်စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်များ အကျိုးရှိစေမည့် ပန်းချီသင်တန်းများ၊ အင်္ဂလိပ်စာအခြေခံသင်တန်း၊ အခြား အခြားသော သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်၍ တက်ရောက်ကြစေလိုကြောင်း ယခုအချိန်သည် ပညာခေတ်ဖြစ်၍ မျိုးဆက်သစ်လူငယ်ဖြစ်တဲ့သားတို့သမီးတို့အား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘော ဂဗလ စသောဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတ များရရှိစေ ရန်ယခုလိုနံရံကပ်စာစောင်ပြပွဲ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်ဝေက လူငယ်များအနေဖြင့် မိမိမြို့နယ်အဆင့်မှ ခရိုင်၊ ပြည်နယ်နှင့် နိုင်ငံကိုယ်စားပြုအား ကစားသမားများ ပေါ်ထွက်လာ စေရေးအတွက် အခုလိုနွေရာသီအားလပ်ရပ်မှာ ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွန်တိုနှင့်အခြားအခြား သောသင်တန်းများကိုအ​ခြေခံမှစ၍ ပို့ချပေးလျက်ရှိကြောင်း ပြောကြားကာ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေဖတ်ရှုခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း