ပုဗ္ဗသီရိ မတ် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာ၌ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေေပေးဝေရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့များ၊ မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုး တက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ နေပြည်တော်ကောင်အဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းမှ “သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိစေရန်နှင့် အိမ်သွယ်ရေထိုင်စနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အချိန်ကုန်လူပမ်းသက်သာစေပြီး သန့်ရှင်းသောရေကို ရရှိစေသည့်အတွက် စက်ရေတွင်း မြေနေရာအလှူရှင်အားလည်း ကျေးဇူးတင်ရှိပါကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က ကျေးလက်ရေပေးရေး လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက်စက်ရေတွင်းမြေနေရာအလှူရှင် ဦးတင်လှိုင်၊ ဒေါ်ခင်အေးမိသားစုအား တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခဲ့သည်။
အဆိုပါ စက်ရေတွင်းမှ ကျေးရွာအတွင်ရှိ အိမ်ထောင်စုများသို့တစ်နေ့လျှင် ရေဂါလံ(၁၀၀၀) ခန့် အိမ်ထိုင်ရေသွယ်စနစ်ဖြင့် သောက်သုံးရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သန္တာလင်း(ပြန်/ဆက်)