ညောင်ဦး မတ် ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ကန်နီကြီးကျေးရွာ၊ အိမ်ထောင်စု ၃၃၉ စု၊ လူဦးရေ ၁၆၀၀ ခန့် အမှီပြု သုံးစွဲလျက်ရှိသော ကျေးရွာအမှီပြု ရှစ်ဒေါင့်ကန်အမည်ရှိ မြေသားကန်ကြီးအားမိုးအမှီ ကန်ပြန်လည်ဆည်တင်ခြင်း၊ လိုအပ်သည်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာတွင် သုံးရေလိုအပ်ချက်အတွက် ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီးနှင့် ကျေးရွာဖွံ့ဖြို့ရေး ဥက္ကဋ္ဌတို့မှ အကူအညီ တောင်းခံလာမှုအရ မတ် ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်က ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေ မီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး သန်းလှိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဉ် ၁ စီးဖြင့် သောက်သုံးရေ ရေဂါလံ ၁၆၀၀ အား သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း