နောင်ချို မတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်များကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်းဖြင့် ကျင်းပခြင်းဖြစ်ပြီး ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား၊ ကျောင်းသူ(၃၁၀)ဦး၊ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၂၉၆)ဦးရှိကြောင်းနှင့် ဇီဝဗေဒဘာသာရပ်ကိုဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား၊ ကျောင်းသူ (၁၀၄)ဦး၊ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၉၈)ဦးဖြေဆိုခဲ့ကြကာ ပျက်ကွက် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၀)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၂)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြသော ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)