စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများတိုးတက်လာရေးအတွက် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်သွားရောက်ငှားရမ်းခြင်းများ ဆောင်ရွက်

မိုင်းနောင် မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများတိုးတက်လာရေးအတွက် မြို့နယ်ခွဲစည်ပင်သာယာရေးဌာနသို့ စာအုပ်၊ စာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဌာနဆိုင်ရာရုံးဝန်ထမ်းမိသားစုများ စာအုပ်၊ စာပေများ အလွယ်တကူလေ့လာဖတ်ရှုနိုင်ရေး၊ ပြင်ပဗဟုသုတများရရှိစေရေးနှင့်အားလပ်ချိန်တွင် စာအုပ်စာစောင်များဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေး၊ စာဖတ်ရှိန်မြှင့်မားရေးတို့အတွက် စီစဥ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် စျေးဆိုင်များသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို တစ်လလျှင်နှစ်ကြိမ် ဝန်ဆောင်မှုပေးလျက်ရှိရာ ယခုလတွင် မြို့နယ်ခွဲစည်ပင်သာယာရေးဌာနနှင့် မြေစာရင်းရုံး သို့သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)