ပင်းတယမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုပြီးစီး

ပင်းတယ မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနတစ်ခုဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလျက်ရှိသည်။

ယနေ့တွင် ဇီဝဗေဒဘာသာရပ်တွင် စာရင်းရှိ ၁၂၇ ဦး၊ ဖြေဆိုသူ ၁၂၆ ဦး၊ ပျက်ကွက်သူ ၁ ဦး၊ ဖြေဆိုသည့်ရာခိုင်နှုန်း ၉၉.၂၁ ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်တွင် စာရင်းရှိ ၄၀၅ ဦး၊ ဖြေဆိုသူ ၃၇၂ ဦး၊ ပျက်ကွက်သူ ၃၃ဦး၊ ဖြေဆိုသည့်ရာခိုင်နှုန်း ၉၁.၈၅ ရှိကြောင်း သိရသည်။

စာမေးပွဲဖြေဆိုသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူနှင့် တာဝန်ကျ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ပရဟိတအသင်းဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)