နွေရာသီအင်္ဂလိပ်စာ သင်တန်းတွင်သင်ကြားနေသော ဆရာမများအား ဆန်နှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်

မိုင်းနောင် မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center တွင် နွေရာသီအင်္ဂစာသင်တန်း သင်ကြားနေသော ဆရာမများအား ယနေ့နံနက်(၉)နာရီအချိန်က ဆန်နှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့အုပ်ချုပ်ရေးမှူး၏ဇနီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ  အသင်းဝင် ဒေါ်လဲ့လဲ့ရီနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center တွင်နွေရာသီ အင်္ဂလိပ်စာ သင်ကြားနေသော ဆရာမများအားဆန်နှင့်ကြက်ဥများလာရောက်ကူညီထောက်ပံ့ခဲ့ကြောင်းသိရှိရသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများအား လှည့်လည်ကြည့်ရှုကာ မြို့ဦးစီးမှူးဒေါ်နန်းမီးနှင့် အသိပညာပေးလုပ်ငန်းများ၊Community Center လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)