ကွမ်းလုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အတွဲ(၁)နှင့် အတွဲ(၇) ဘာသာရပ်တို့အား တည်ငြိမ် အေးချမ်းစွာ ဖြေဆိုပြီးဖြစ်

ကွမ်းလုံ မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အတွဲ(၁)နှင့် အတွဲ(၇) ဘာသာရပ်တို့၏ နောက်ဆုံးဘာသာရပ်များဖြစ်သည့် ဇီဝဘာသာနှင့် ဘောဂဗေဒဘာသာရပ်တို့အား ယနေ့မွန်းတည့်(၁၂)နာရီအချိန်တွင် အခြေခံပညာ အထက်တန်းကျောင်း၊ ကွမ်းလုံစာစစ်ဌာနတွင် တည်ငြိမ်အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အတွဲ(၁)ဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ (၂၂)ဦး ဖြေဆိုခဲ့ပြီး အတွဲ(၇)ဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ(၇)ဦး ဖြေဆိုခဲ့ကြကာ ကျန်ရှိသည့် အတွဲ(၂)ဘာသာရပ်အား မတ်လ(၁၇)ရက်အထိ ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)