ကွန်ဟိန်း မတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ဇင်မာသွယ်က လူငယ်နဲ့ရည်မှန်းချက်၊ စာတတ်ဖို့သာမကပညာတတ်ဖို့ပါ၊ ကြိုးစားကြ၊ လူငယ်နဲ့စာရိတ္တ၊ လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး လူငယ်နဲ့ကြီးပွားရေးနှင့် မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေရန် အသိပညာပေးဟောပြောခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲသို့ သင်တန်းနည်းပြများနှင့် သင်တန်းသူများစုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)