မိုးမိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ ဆက်လက်ဖြေဆို

 မိုးမိတ် မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ ဆက်လက်ဖြေဆိုခြင်းကို ယနေ့ နံနက် ၉နာရီ အချိန်က အေးချမ်းစွာဖြေဆိုခဲ့ကြောင်း သိရသည်။  

မိုးမိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စာစစ်ဌာန နှစ်ခုခွဲ၍ ဖြေဆိုစေမည်ဖြစ်ကာ ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ အ-ထ-က မိုးမိတ်စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၈) ဦး၊ ပျက်ကွက် (၁)ဦးနှင့်  အ-ထ-က(မန်ကျည်းပင်) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၈) ဦး၊  စုစုပေါင်း (၃၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဘောဂဗေဒဘာသာရပ်တွင် အ-ထ-က မိုးမိတ်စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူပေါင်း (၈၈) ဦး၊ ပျက်ကွက် (၁၁)ဦးနှင့်  အ-ထ-က(မန်ကျည်းပင်) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၀) ဦး၊ ပျက်ကွက် (၁)ဦးနှင့် စုစုပေါင်း (၁၁၈) ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စည်သူဌေး (ခရိုင်၊ ပြန်/ဆက်)