မိုင်းခတ်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းခတ် မတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ၂၀၂၃ ခုနှစ်မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့(၁၂)နာရီအချိန်က အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာရုံးများသို့ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အမျိုးသား‌ရေးဦးတည်ချက်များ၊ ''စွမ်းအားရှိသမျှကာကွယ်‌ပေးမယ်'' ခေါင်းစဉ်ဖြင့် ၁၃.၁၇.၁၉၄၇ ရက်နေ့၊ မြို့‌တော်ခန်းမတွင် ကျင်းပသောပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ “အမျိုးသားနိုင်ငံရေးတာဝန်များကို သစ္စာရှိရှိကျေပွန်စွာထမ်းဆောင်” ခေါင်းစဉ်ဖြင့် ၂၇-၂၃-၂၀၂၂ ရက်နေ့(၇၇)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ “နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့”ခေါင်းစဉ်ဖြင့် ဆောင်းပါးတိုနှင့် “ပြည်သူချစ်တဲ့တပ်မ‌တော်”ကဗျာများထည့်သွင်းဖော်ပြထားသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က စောင်ရေ(၂၀၀၀၀၀) အခမဲ့ထုတ်ဝေခြင်းဖြစ်ပြီး မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီနှင့် အဖွဲ့ဝင်တို့က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)