ကျောက်ဆည်မြို့နယ်တွင် ဆောင်းနေကြာသီးနှံ (၁၀၂၆၆)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၃၂၇၄၃၄)တင်းထွက်ရှိ

ကျောက်ဆည် မတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာသီးနှံ (၁၀၂၆၆)ဧကစိုကိပျိုးနိုင်ခဲ့ပြီး (၃၂၇၄၃၄)တင်း ထွက်ရှိကြောင်း  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်၌ ဆောင်းနေကြာသီးနှံများစိုက်ပျိုးရာတွင် တိုက်နယ်(၁)တွင်(၇၃၆)ဧက၊ တိုက်နယ်(၂)တွင်(၈၉၃)ဧက၊ တိုက်နယ်(၃)တွင်(၅၂၁)ဧက၊ တိုက်နယ်(၄)တွင်(၁၂၃၈)ဧက၊ တိုက်နယ်(၅)တွင် (၄၁၇)ဧက၊ တိုက်နယ်(၆)တွင်(၁၁၁၆)ဧက၊ တိုက်နယ်(၇)တွင်(၇၁၅)ဧက၊ တိုက်နယ်(၈)တွင် (၁၈၂၆)ဧက၊ တိုက်နယ်(၉)တွင်(၃၈၅)ဧက၊ တိုက်နယ်(၁၀)တွင်(၁၁၃၀)ဧက၊ တိုက်နယ်(၁၁)တွင်(၅၈၇)ဧက၊ တိုက်နယ် (၁၂)တွင် (၇၀၂)ဧက စုစုပေါင်း (၁၀၂၆၆)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထွက်နှုန်းများအနေဖြင့် တိုက်နယ်(၁)တွင်(၂၃၉၅၇)တင်း၊ တိုက်နယ်(၂)တွင်(၂၉၇၂၉)တင်း၊ တိုက်နယ် (၃)တွင်(၁၇၀၄၇)တင်း၊ တိုက်နယ်(၄)တွင် (၄၁၈၈၂)တင်း၊ တိုက်နယ်(၅)တွင် (၆၈၇၄)တင်း၊ တိုက်နယ်(၆)တွင် (၃၆၆၀၅)တင်း၊ တိုက်နယ်(၇)တွင်(၁၄၅၇၇)တင်း၊ တိုက်နယ်(၈)တွင်(၆၀၂၅၈)တင်း၊ တိုက်နယ်(၉)တွင် (၁၃၂၂၁)ဧက၊ တိုက်နယ်(၁၀)တွင်(၃၇၇၄၂)တင်း၊ တိုက်နယ်(၁၁)တွင်(၂၂၀၂၅)တင်း၊ တိုက်နယ်(၁၂)တွင် (၂၃၅၁၇)တင်း စုစုပေါင်း (၃၂၇၄၃၄)တင်း ထွက်ရှိကြောင်းနှင့် နေကြာသီးနှံများ အောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်းကာ နည်းပညာများ စနစ်တကျဖြန့်ဝေပေးခဲ့ကြောင်းနှင့် တစ်ဧကမျှမ်းမျှအထွက်နှုန်းမှာ(၃၂.၅၅)တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)