ကလောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၉၄၉)ဦး ဖြေဆို

ကလော မတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၃ ခု မှ ကျောင်းသား၊ ကျောင်းသူ (၁၀၄၁)ဦး စာရင်းပေးသွင်းထားပြီး (၉၄၉)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

ကလောမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်ကြသော အထက(၁) ကလောတွင် ဇီဝဗေဒဘာသာရပ်ကို ၅၉ ဦး၊ ဘောဂဗေဒဘာသာရပ်ကို ၉၂ ဦး၊ အထက(၃) အောင်ပန်းတွင် ဇီဝဗေဒဘာသာရပ်ကို ၃၂၂ ဦး၊ ဘောဂဗေဒဘာသာရပ်ကို ၁၆၂ ဦး၊ အထက(၄)ဟဲဟိုးတွင် ဇီဝဗေဒဘာသာရပ်ကို ၄၂ ဦး၊ ဘောဂဗေဒဘာသာရပ်ကို ၅၁ ဦး၊ စုစုပေါင်း ၉၄၉ ဦး ဝင်ရောက်ဖြေဆိုကြောင်း၊ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဇီဝဗေဒဘာသာရပ်ဝင်ရောက်ဖြေဆိုမှုရာခိုင်နှုန်း (၉၄ ဒသမ ၄၂) ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုမှုရာခိုင်နှုန်း (၈၈ ဒသမ ၇၀) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)