မူဆယ်မြို့တွင် ၂၀၂၂-၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲ နောက်ဆုံးရက် ဇီဝဗေဒဘာသာရပ်အား ဖြေဆို

မူဆယ် မတ်လ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် အထက(၂)စာစစ်ဌာန၌ အစိုးရအခြေခံ ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ကျောင်းတွင်း/ကျောင်းပြင် ကျောင်းသား/သူများက ၂၀၂၂-၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲ-နောက်ဆုံးရက် ဇီဝဗေဒဘာသာရပ်အား ယနေ့ နံနက် ၉ နာရီမှ စတင်၍  အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲ-ဇီဝဗေဒဘာသာရပ်ဖြေဆိုမှုကို ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူစာရင်းရှိ စုစုပေါင်း (၃၀၂)ဦးရှိသော်လည်း ယခုလက်ရှိဝင်ရောက်ဖြေဆိုသူ ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား/သူ(၁၃၅)ဦးနှင် ကျောင်းပြင်ပမှ ဝင်ရောက်ဖြေဆိုသူ(၁၃၇)ဦး၊ စုစုပေါင်း ဖြေဆိုသူဦးရေ (၂၇၂)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား/သူ(၃၀)ဦးရှိကြောင်း သိရှိရပါသည်။

၂၀၂၂-၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ သိပ္ပံတွဲ-နောက်ဆုံးရက် ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုရာတွင် ဖြေဆိုမှုရာခိုင်နှုန်း(၉၀.၁)ရှိလျက် ဖြေဆိုမှုပျက်ကွက်ရာခိုင်နှုန်း (၉.၉)ရှိပြီး ဖြေဆိုနေသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသက်သာစွာ ဖြေဆိုနိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန် မြို့နယ်ပညာရေးမှုးကြီးနှင့်တကွ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာ စာစစ်ဌာန ကြီးကြပ်ရေးမှူးများနှင့် လုံခြုံရေးအဖွဲ့ဝင်များက စာစစ်ဌာနအပြင်စည်းမှ လိုအပ်သည်များကို အနီးကပ်စောင့်ကြည့်ပြီး ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ ထို့အတူ ယနေ့ မတ်လ ၁၅ ရက်နေ့သည် တက္ကသိုလ်ဝင်စာမေးပွဲ၊ သိပ္ပံတွဲဖြေဆိုသည့် ကျောင်းသား/သူများ အောင်မြင်စွာ ဖြေဆိုပြီးစီးရန် နောက်ဆုံးမြောက်ဘာသာရပ် ဖြေဆိုမှုဖြစ်ကြောင်းလည်း သိရပါသည်။

009(မူဆယ်)