မိုင်းရယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာဖြေဆို

မိုင်းရယ် မတ် ၁၅

အခြေခံပညာဦးစီးဌာန၊ ၂၀၂၃ ခုနှစ် မိုင်းရယ်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

မိုင်းရယ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းရှိ ကျား (၁၃)ဦး၊ မ (၂၀)ဦး စုစုပေါင်း (၃၃)ဦးရှိပြီး ယနေ့လာရောက်ဖြေဆိုသည့် ကျေောင်းသား၊ ကျောင်းသူ ၂၉ ဦး ပျက်ကွက်သူ ၄ ဦးဖြစ်ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)