မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

မော်လမြိုင် မတ် ၁၅

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာမော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပင်ကိုယ်ဝါသနာကို အထောက်အပံ့ရရှိစေရန်၊ စိတ်ကူးစိတ်သန်းများကောင်းမွန်စေရန်၊ စိတ်ဖိစီးမှုကိုလျော့ကျစေရန်၊ ကိုယ်တိုင်ဖန်တီးနိုင်မှု စွမ်းအားများ တိုးတက်လာစေရန်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းတတ်စေရန်နှင့် မြန်မာ့ပန်းချီကို မြတ်နိုးတန်းဖိုးထားတတ်စေရန် ရည်ရွယ်၍ ပန်းချီသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး မြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံး ဥက္ကဋ္ဌ ဦးဉာဏ်‌သောင်းက မြန်မာ့ရိုးရာပန်းချီအနုပညာ သင်ကြားရခြင်း၏ရည်ရွယ်ချက်၊ မျဉ်းကြောင်းများအကြောင်း၊ မျဉ်းကြောင်းများအဓိပ္ပါယ်၊ အရာဝတ္ထုပုံရေးဆွဲခြင်း၊ အရောင်များအကြောင်း၊ လက်ချောင်းပန်းချီရေးဆွဲခြင်း စသည့် အကြောင်းအရာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၁၅ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်