ဗန်းမော် မတ် ၁၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်း က ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန စတင်ဖွင့်လှစ်ခဲ့သည့် ရက်စွဲနှင့် ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းရှင်များ အနေဖြင့် ဌာနတွင် မှတ်ပုံတင်နိုင်သည့် လုပ်ငန်းအမျိုးအစားများ၊ မှတ်ပုံတင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးများ၊ ဗန်းမော်ခရိုင်နှင့် မြို့နယ်များအတွင်း ဖွင့်လှစ်ပို့ချပေးနေသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်း အမျိုးအစားများ၊ သင်တန်း တက်ရောက်ပြီးသည့် သင်တန်းသားများအား ကိုယ်ပိုင် လုပ်ငန်းများ ထူထောင်နိုင်အောင် ဌာနက ဆောင်ရွက်ပေးနေသည့် အစီးအစဉ်များကို ဆွေးနွေးမေးမြန်းခဲ့ရာ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အကြောင်းနှင့် ဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား အကျယ်တဝင့် ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်