ဖားကန့် မတ် ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန ၂ ခုတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများမှ ကျောင်းတွင်း၊ ကျောင်းပြင် နေရာများတွင် စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် စာစစ်ဌာန (၂)ခု ဖွင့်လှစ်ထားပြီး ယနေ့ဇီဝဗေဒဘာသာရပ်ကို ဖားကန့်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၁၅ ဦးနှင့် ကာမိုင်းမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁ ဦး စုစုပေါင်း စာဖြေဆိုသူ (၁၁၆) ဦး စာဖြေရာခိုင်နှုန်း (၉၁.၃၄) ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်ကို ဖားကန့်မြို့ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၄၀ ဦးနှင့် ကားမိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၁၆ ဦး စုစုပေါင်း ၅၅၆ ဦး စာဖြေရာခိုင်နှုန်း (၈၇.၂၈)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်