ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲပြုလုပ်

ကျိုက်ထို မတ် ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီအချိန်က မီးဘေးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်း ပြောကြားပြီး ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးက မီးသတ်ဦးစီးဌာန၏ရည်မှန်းချက်တာဝန်များ၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေ၊ မီးလောင်မှုဖြစ်စဉ်ရဲ့ Level အဆင့် သတ်မှတ်ဆောင်ရွက်ပုံ၊ ကျိုက်ထိုမြို့နယ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားသည့်အကြိမ်နှင့်လောင်ကျွမ်းသည့် အကြောင်းရင်း၊ ပြည်သူများအနေဖြင့် မီးဘေးမှ ကင်းဝေးအောင် ပူးပေါင်းပါဝင်ရမည့်အချက်များစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့‌ကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုး(ကျိုက်ထို)