ကျောက်ပန်းတောင်း မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည် အနီးကျေးရွာများသည် မြေအောက်ရေကိုအသုံးပြုကာ မာလာကခြံစိုက်ပျိုးသူများ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း လဲဂွကျေားရွာ မာလာကာခြံစိုက်ပျိုးရောင်းချသူ ဦးကျော်ဝင်းထံမှ သိရသည်။
အဆိုပါကြက်မောက်တောင်ဆည် အနီးပတ်ဝင်းကျင် ကျေးရွာများတွင် မြေအောက်ရေအသုံးပြုကာ စိုက်ပျိုးရေလုပ်ငန်းများစွာ လုပ်ကိုင်ကြကြောင်း သိရသည်။ အဓိကအားဖြင့် ခရမ်းချဉ်၊ ခရမ်း၊ ဇလက်ရွက်၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ဗူးသီး၊ ရွှေဖရုံ၊ ကဇွန်းစသည် ဟင်းသီးဟင်းရွက်များ၊ မေမြို့ပန်း၊ ဂန္ဓပန်း စသည့်ပန်များအပြင် ပိန္နဲ၊ သင်္ဘော၊ မာလာကာ၊ စပျစ်၊ ငှက်ပျောစသည့် နှစ်ရှည်ပင်များကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မာလာကာကို သင်္ဘောဖြင့် တွဲဖက်စိုက်ပျိုးကြပြီး မိုဦးကာလဖြစ်သည့် ဧပြီလတွင် စတင်စိုက်ပျိုးကြောင်း သိရသည်။ ကြက်မောက်တောင်ဆည် အနီးပတ်ဝင်းကျင်ကျေးရွာများသည် ခြောက်လမလာကာကို အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးပြီး တစ်နှစ်အတွင်း မာလာကာသီးများ စတင်ခူးဆွတ်ရောင်းခြကြကြောင်း သိရသည်။ မြေအောက်ရေဖြင့် နှစ်ပတ်လည်ရေးပေးထားခြင်းကြောင့် တစ်နှစ်လျင်သုံးသုတ် ခူးဆွတ်ရပြီး ပထမအကြိမ်း တပေါင်းလတွင်လည်းကောင်း၊ ဒုတိယအသုတ်ကို ဝါဆိုလတွင်လည်းကောင်း၊ တတိယ အသုတ်ကို တန်ဆောင်မုန်းလများတွင်လည်းကောင်း ခူဆွတ်ရကြောင်းသိရသည်။ ယခုချိန်တွင်ထွက်ရှိသော မာလာကာသီး စျေးနှုန်းမှာ အလွင်ကောင်မွန်ပြီး တစ်ပိသာကို ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ်ထိရရှိကြောင်း သိရသည်။ ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိလာသော မာလာကာသီးများကို ကျောက်ပန်းတောင်းမြို့သို့ တင်ပိုင်းရောင်းချကြကြောင်း သိရသည်။
P.W.A (ပြန်/ဆက်)