ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၅

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယမန်နေ့က ရူပဗေဒဘာသာရပ်ကို ဖြေဆိုခဲ့ကြသည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။ 

ရခိုင်ပြည်နယ်၏ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုကြရာတွင် အမ်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၉၂) ဦး၊ ပျက်ကွက်သူ (၄၁) ဦး၊ ဂွမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၆၈) ဦး၊ ပျက်ကွက်သူ (၁၂) ဦးဖြစ်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၃.၃၃ ရာခိုင်နှုန်း၊ ကျောက်တော်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၄၀၉) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၉၂.၃၃ ရာခိုင်နှုန်း၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၅၂) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၇.၉၃ ရာခိုင်နှုန်း၊ မအီမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၂၆) ဦး၊ ပျက်ကွက်သူ (၃၆) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၃.၆၅ ရာခိုင်နှုန်း၊ မာန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၆) ဦး၊ ပျက်ကွက်သူ (၂၃)  ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၃.၁ ရာခိုင်နှုန်း၊ မောင်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၇၂၈) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၄.၄၅ ရာခိုင်နှုန်း၊ ​မြောက်ဦးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၇၉) ဦး၊ ပျက်ကွက်သူ (၈၇) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၉.၉၅ ရာခိုင်နှုန်း၊ ငပလီမြို့အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၃) ဦး၊ ပျက်ကွက် (၃)ဦး၊ ပေါက်တောမြို့အတွင်းရှိ စာစစ်ဌာန(၅) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၈၉) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၅ ရာခိုင်နှုန်း၊  သံတွဲမြို့အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၃၈) ဦး၊ ပျက်ကွက် (၄၅) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၁ ရာခိုင်နှုန်း၊ မြောက်ဦးမြို့ အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၇၉) ဦး၊ ပျက်ကွက် (၈၇) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၉.၉၅ ရာခိုင်နှုန်း၊ ရမ်းဗြဲမြို့အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၈၄) ဦး ပျက်ကွက် (၃၉)  ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၈ ရာခိုင်နှုန်း၊ တောင်ကုတ်မြို့ အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၂၄) ဦး၊ ပျက်ကွက် (၇၆)  ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၈၅ ရာခိုင်နှုန်း၊ ပုဏ္ဏားကျွန်းမြို့အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၅၈) ဦး၊ ပျက်ကွက် (၈၆) ဦး၊ ကျောက်တော်မြို့အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၈၂၈) ဦး၊ တောင်ပြိုလက်ဝဲမြို့အတွင်းရှိ စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၈) ဦးဖြစ်သဖြင့် ၈၄.၄၄ ရာခိုင်နှုန်းတို့ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စာစစ်ဌာနစုစုပေါင်း (၆၀) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။