သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဥ်  ၁/၂၀၂၃) ဖွင့်လှစ်

ကျိုက်မရော   မတ် ၁၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကျိုက်မရောမြို့နယ်ရုံးမှ ကြီးမှူးကျင်းပသော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဥ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်သုခရပ်ကွက်  (School Cum Shelter)ရှိ စားနပ်ရိက္ခာဂိုဒေါင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးစိန်ဝေက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ်ရုံးမှဒုတိယညွှန်ကြားရေးမှူး  ဒေါ်ချိုသက်ပိုင်ဝင်းက သဘာဝဘေးလျော့ပါးရေး စေတနာ့သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းရာ၌  ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ရေဘေးစသည့် သဘာဝဘေးအန္တရာယ်များကြုံလာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား ကယ်တင်ကူညီစောင့်ရှောက်ပေးနိုင်ရန်အတွက် ယခုလိုသဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာ၊ ဆရာမများက စာတွေ့လက်တွေ့ဘာသာရပ်များကို ဆက်လက်သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါသင်တန်းသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ ရေကြီးနှစ်မြှပ်မှုဒဏ်ခံရသော မြစ်ကမ်းနဘေးရှိ ကျေးရွာများမှ စေတနာ့ဝန်ထမ်းသင်တန်းသား၊ သင်တန်းသူ(၃၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ ၁၅ ရက်မှ ၁၇ ရက်နေ့ထိ(၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။

ချိူမြတ်မြတ်ထွေး(ကျိုက်မရော)