ဆီဆိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို

ဆီဆိုင် မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန (၃)ခု၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။     

ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်စေရန်အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။

ဆီဆိုင်မြို့နယ်အတွင်း စာစစ်ဌာန(၃)ခုဖြစ်သည့် အ.ထ.က(ဆီဆိုင်)စာစစ်ဌာနတွင် ဖြေဆိုသူ (၁၂၁)ဦး၊ အ.ထ.က (ဆိုက်ခေါင်)စာစစ်ဌာနတွင် ဖြေဆိုသူ(၃၈)ဦး၊ အ.ထ.က(ဘန်းယဉ်) စာစစ်ဌာန တွင် ဖြေဆိုသူ(၇၁)ဦး၊ စုစုပေါင်း တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၂၃၀)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း အားဖြင့်(၈၇.၄၅) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)