ဟိုပန် မတ် ၁၅
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်စာစစ်ဌာနတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိပါသည်။
စာမေးပွဲတွင် ဇီဝဗေဒဘာသာရပ်၌ စာရင်းရှိ ကျား(၈)ဦး၊ မ(၁၀)ဦး၊ ပေါင်း(၁၈)ဦး၊ ဖြေဆိုသူ ကျား(၈)ဦး၊ မ(၁၀)ဦး၊ ပေါင်း(၁၈)ဦးဖြစ်ပြီး ဖြေဆိုမှုမှာ (၁၀၀)ရာခိုင်နှုန်းဖြစ်ပါသည်။ ဘောဂဗေဒဘာသာရပ်၌ စာရင်းရှိ ကျား(၂၃)ဦး၊ မ(၂၂)ဦး၊ ပေါင်း(၄၅)ဦးဖြစ်ပြီး ဖြေဆိုမှုမှာ ကျား(၂၁)ဦး၊ မ(၁၈)ဦး၊ ပေါင်း(၃၉)ဦးဖြစ်ကာ ပျက်ကွက်သူ ကျား(၁)ဦး၊ မ(၅)ဦး၊ ပေါင်း(၆)ဦးဖြစ်ပြီး ဖြေဆိုမှုမှာ (၈၆.၆၇)ရာခိုင်နှုန်းဖြစ်ပါသည်။ ဘာသာရပ်(၂)ခုပေါင်းလျှင် ဖြေဆိုသူ ကျား(၂၉)ဦး၊ မ(၂၈)ဦး၊ ပေါင်း(၅၇)ဦးဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)