ပင်လောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များအား ဆက်လက်ဖြေဆို

ပင်လောင်း မတ် ၁၅

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန ၅ ခု၌ ကျောင်းသား/သူများမှ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များကို ဆဋ္ဌမနေ့အဖြစ်ယနေ့နံနက် ၉ နာရီတွင်အေးချမ်းစွာ ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ယနေ့ဖြေဆိုသည့် ဇီဝဗေဒနှင့်ဘောဂဗေဒ ဘာသာရပ်များကို ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အ.ထ.က-နောင်တရား၊ အ.ထ.က-တီကျစ်၊ အ.ထ.က-ပင်ခွန်နှင့် အ.ထ.က-တင်းထက် စာစစ်ဌာန ၅ ခုတို့၌ ကျောင်းသား/သူ စုစုပေါင်း ၇၉၄ ဦးတို့ ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၆၂ ဦးရှိပြီး ရာခိုင်နှုန်း အနေဖြင့် ၉၃ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)