မိုင်းရယ်၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့

မိုင်းရယ် မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် မြို့နယ်ရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးဌာနမှူး ဦးနောင်ထက်အောင်တို့က မိုင်းရယ်မြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးရွယ်အို စုစုပေါင်း (၃၂၆) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၉၇၈၀၀၀ဝိ/ ကို ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူသည်။

အဆိုပါ လူမှုရေးပင်စင်ကို အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား တစ်ဦးလျှင် တစ်လ ကျပ်တစ်သောင်းနှုန်းဖြင့် ၂၀၂၂ ခုနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ )လ များအတွက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။     

မိုင်းရယ် (ပြန်/ဆက်)