ပင်လုံမြို့၌ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအေးချမ်းစွာဖြင့် ဆက်လက်ဖြေဆို

ပင်လုံ မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈)ရက်နေ့ မှ (၁၈) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ အ.ထ.က(၁) ပင်လုံစာစစ်ဌာနတွင် ယနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုလျက်ရှိကြောင်း သိရပါသည်။

အဆိုပါဘာသာရပ် ဖြေဆိုမည့်စာရင်းရှိ (၁၂၃)ဦး၊ လာရောက်ဖြေဆိုသူ (၁၁၅)ဦး၊ ပျက်ကွက်သူ (၈)ဦး ရှိကြောင်း သိရပါသည်။ ထို့နောက် စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်၊ ပြဿနာတစ်စုံတစ်ရာမပေါ်ပေါက်လာစေရန် ပင်လုံမြို့ အုပ်ချုပ် ရေးမှူး၊ ပင်လုံနယ်မြေရဲတပ်ဖွဲ့မှ စခန်းမှူး၊မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ကျဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)