မြင်းခြံ အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲလွင်စိုးက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် အထူးရဲများ ခန့်အပ်ရခြင်းဖြစ်ပြီး သင်တန်းတက်ရောက်ချိန်တွင် အထူးရဲများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြဖို့နှင့် နား လည်တက်မြောက်စွာ သင်ကြားစေလိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲလွင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသောင်းဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးစိန်ဌေးဝင်း၊မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အထူးရဲသင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား ၂၇၆ ဦးရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)