မဘိမ်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

မဘိမ်း မတ် ၁၅        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂ဝ၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို အ.ထ.က-မဘိမ်းစာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဆက်လက်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဇီဝဗေဒဘာသာရပ်ကို စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၅ ရှိပြီး ၅ ဦးဝင်ရောက်ဖြေဆိုသဖြင့် ၁၀၀ ရာခိုင်နှုန်းရှိကြောင်းနှင့် ဘောဂဗေဒဘာသာရပ်တွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးရှိပြီး ၈၂ ဦးဝင်ရောက်ဖြေဆိုသဖြင့် ၈၂ ရာခိုင်နှုန်းရှိကြောင်း ကျောင်းသား၊ ကျောင်းသူများ  တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအ တွက် ကျောင်းအတွင်းအပြင်လုံခြုံရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏လုံခြုံ ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး  ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီး ကြပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်း (မဘိမ်း)