ပင်လောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များအား ကျောင်းသား/သူ စုစုပေါင်း ၇၉၄ ဦး အေးချမ်းပျော်ရွှင်စွာ ဖြေဆို

ပင်လောင်း မတ် ၁၅

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန ၅ ခု၌ ကျောင်းသား/သူများမှ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်များကို ဆဋ္ဌမနေ့အဖြစ် ယနေ့နံနက် ၉ နာရီတွင် အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ယနေ့ဖြေဆိုသည့် ဇီဝဗေဒနှင့်ဘောဂဗေဒ ဘာသာရပ်များကို ပင်လောင်း မြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အထက-နောင်တရား၊ အထက-တီကျစ်၊ အထက-ပင်ခွန်နှင့်အထက-တင်းထက် စာစစ်ဌာန ၅ ခုတို့၌ ကျောင်းသား/သူစုစုပေါင်း ၇၉၄ ဦး တို့ဝင်ရောက်ဖြေဆိုကာ ပျက်ကွက်ကျောင်းသား/ ကျောင်းသူစုစုပေါင်း ၆၂ ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၃ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)