မောက်မယ်မြို့နယ်၌ ကလေးငယ်များ စိတ်ရွှင်လန်း၍ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးပြိုင်ပွဲများ ကျင်းပ

မောက်မယ် မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း စာကြည့်တိုက်သို့လာရောက်ကြသည့် ကလေးငယ်များ စိတ်ရွှင်လန်း၍ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုး ရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်၁၀နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မူလတန်းကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ(၂၁)ဦးက ဝင်္ကပါမှာအဖြေရှာနှင့် သင်္ချာဉာဏ်စွမ်း ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယှဉ်ပြိုင်စေခဲ့ပြီးဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လက်ဆောင်ပစ္စည်းများပေးခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဓါတ်ပုံနှင့်နံရံကပ် စာစောင်များပြသရာ စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)