မိုင်းယောင်းမြို့တွင် ဘလောက်အုတ်လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေ

မိုင်းယောင်း မတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဘလောက်အုတ်များကို အသုံးပြုမှု ပိုမိုများပြားလာသည့်အတွက် ဘလောက်အုတ်ရောင်းချရသဖြင့် ဘလောက်အုတ်လုပ်ငန်းလုပ်ကိုင်သူများ ဝင်ငွေကောင်းကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဘလောက်အုတ်သည် ဘိလပ်မြေတစ်အိတ်ကို ရေနှင့် သဲ ၂၈ ပုံး (သို့မဟုတ်) ပုံး ၃၀ အချိုးကျရောစပ်ပြီး အလျား တစ်ပေ၊ အနံ သုံးလက်မခွဲ၊ အမြင့် လေးလက်မရှိ ဘလောက်အုတ်ပုံစံခွက်ထဲသို့ ရိုက်နှိပ်ပြုလုပ်ရသော အုတ်တစ်မျိုးဖြစ်ကြောင်း၊ ငွေကျပ် ၁၅၀၀၀ ရှိ ဘိလပ်မြေတစ်အိတ်လျှင် ဘလောက်အုတ် ၅၅ လုံးမှ အလုံး ၆၀ ထိ ရရှိကြောင်း၊ ဘလောက်အုတ် တစ်လုံးကို ငွေကျပ်  ၅၀၀ ရောင်းရကြောင်း ဘလောက်အုတ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ယခုအခါ မိုင်းယောင်းမြို့တွင် အဆောက်အဦများ ဆောက်လုပ်ရန်၊ ခြံစည်းရိုးများ ကာရံမှုပြုလုပ်ရန်အတွက် အလွယ်တကူရရှိနိုင်ပြီး ကုန်ကျစရိတ်သက်သာသည့် ဘလောက်အုတ်ကို ဝယ်ယူအသုံးပြုမှုများပြားလာကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း