မိုင်းယောင်း မတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အထက(မိုင်းယောင်း) စာစစ်ဌာန(၁)ခု၌ ကျင်းပလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများက ဇီဝနှင့်ဘောကဗေဒဘာသာရပ်ကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ဇီဝဗေဒဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး၊ ပျက်ကွက်သူ(၁)ဦး၊ ဘောဂဗေဒဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၃၇)ဦး၊ ပျက်ကွက်သူ(၅)ဦး ဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုမှု ၈၉ ဒသမ ၀၉ ရာခိုင်နှုန်းတို့ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း