ပုဗ္ဗသီရိ မတ် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေး ငယ်များ ဖိတ်ခေါ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတ များ ကြွယ်ဝစေရန်၊ ကျန်းမာပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ယခုလို ပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး ပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ ကလေးငယ်များအား စကားပုံ ဆက်ပြိုင်ပွဲ၊ မှတ်ဉာဏ်ဂိမ်းပြိုင်ပွဲ၊ သရေပင်သယ်ဂိမ်းပြိုင်ပွဲများ ပြုလုပ်ပေးရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြင့် ပေးအပ်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲသို့ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ကလေးငယ် (၃၃) ဦး တက်ရောက်ခဲ့ပြီး ပုဗ္ဗသီရိ မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်အသိပညာပေး စာအုပ် စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)