မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ် လွှင့်တင်ဆောင်ရွက်ပေး

မိုင်းခုတ် မတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အသိ ပညာပေး အစီအစဉ်များကို Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက် ပေးလျက်ရှိကြောင်းသိရသည်။     

ထိုသို့ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာတွင် စာကြည့်တိုက်တာဝန်ခံ ဒေါ်ဇင်မီမီထွန်းက စာဖတ် ပရိသတ်များ အတွက် ခေတ်ဘုန်းသစ် ရေးသားသည့် “ကလေးတွေကိုတံဆိပ်မကပ်ပါနဲ့” စာအုပ်၊ ဉီးသန်းထွန်း(ရွှေဘို) ရေးသားသည့် “ချစ်စရာ့မြန်မာပြည်နှင့် အခြားဆောင်းပါးများ” စာအုပ်၊ ဉီးတင်ဉီး(ကျူရှင်) ရေးသားသည့် “ပညာတတ်ခြင်း မတတ်ခြင်းနှင့် အခြားဆောင်းပါးများ” စာအုပ်နှင့် ကလောင်စုံ ရေးသားသည့် “သမီးလေးတို့ အရေး ဝိုင်းဝန်းတွေးဆပေးကြပါ” စာအုပ်တို့ကို မိတ်ဆက်ရိုက်ကူးကာ မိုင်းခုတ်မြို့ပြည် သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် လွှင့်တင် ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် စာဖတ်ပရိသတ်များအတွက် စာအုပ် မိတ်ဆက်ခြင်း အစီအစဉ်များအပြင်  ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းစသည့် အသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူးတင်ဆက်ပေး လျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)