တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်သူများအား အချိုရည်နှင့် မုန့်များ ပေးအပ်

ဟိုပန် မတ်လ ၁၄

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ အ.ထ.က(ဟိုပန်) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၈ ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် ရူပဗေဒဘာသာရပ်ကို ကျောင်းသား (၂၆)ဦး၊ ကျောင်းသူ (၂၇)ဦး၊ ပေါင်း (၅၃)ဦး ဖြေဆိုလျက်ရှိပါသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာသို့ ယနေနံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရှေ့တန်း အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမင်းမောင် ရောက်ရှိခဲ့ပြီး စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှု အားပေးခဲ့ပါသည်။

ထို့နောက် စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို အဟာရဖြည့်အချိုရည်၊ မုန့်နှင့် အင်နာဗွန်စီအားဆေးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်