မိုင်းတုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနရှိ (Community Centre)ခန်းမ၌ သက်ငယ်မုဒိမ်းကင်းစင်ရေးအားလုံး ပူးပေါင်းဆောင်ရွက်ပေးအသိပညာပေး Talk Show ကျင်းပ

မိုင်းတုံ မတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နေ့ခင်း(၁) နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေ့ဦးစွာ သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ရှင်းလင်းပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ထွေးက သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး အသိပညာ‌ပေးနှင့်ပတ်သက်၍ ကလေးငယ်များ ဗဟုသုတရရှိစေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အကျယ်တစ်ဝန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ သက်ငယ်မုဒိမ်းကင်းစင်ရေးအားလုံး ပူးပေါင်းဆောင်ရွက်ပေးအသိပညာပေးနှင့်ပတ်သက်သည့် Talk Show ဆွေးနွေးမှုများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် We Love Mong Tong , Facebook Page မှ တဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရရှိသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)