အမရပူရ မတ် ၁၄
မန္တလေးတိုင်းဒေသကြီး ၊အမရပူရမြို့နယ်၊ လူထုအခြေပြု Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီ အချိန်က မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ဦးစီးအရာရှိ ဒေါ်တင်တင်လှက ရှင်းလင်းပြောကြားရာတွင် ကလေးငယ်များ တပ်မတော်နေ့အကြောင်း သိစေရန်၊ စာကြည့်တိုက်ကို ပျော်မွေ့စေရန် ရည်ရွယ်ပြီး ယခုလို အထိမ်းအမှတ်များပြိုင်ပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ် ကြောင်း ပြောကြားသည်။ ကလေးငယ်များပျော်ရွင်စေရန်၊ စုပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်တတ်စေရန် စာအုပ်ရွက်ပြိုင်ပွဲကို ကျင်းပပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)