မိုင်းယန်းမြို့၌ ရှေ့တန်းပြန် တပ်မတော်သားများအား လှိုက်လှဲစွာကြိုဆို

မိုင်းယန်း မတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့တွင် တိုင်းပြည်ကာကွယ်ရေးတာဝန် ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် တပ်မတော်သားများအား လှိုက်လှဲစွာ ကြိုဆိုပွဲကို ယမန် နေ့လည် ၁၂ နာရီခန့်က မိုင်းယန်းမြို့၊ အမှတ်(၂၈၁)တပ်ရင်းမုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်သည်။

ကြိုဆိုပွဲတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းခတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်း၊ ခြေလျင်တပ်ရင်းတပ်ဖွဲ့မှ အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်စစ်သည်များ၊ မိုင်းယန်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မိုင်းယန်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သီဟ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့မှ မိသားစုဝင်များတို့က အမှတ်(၂၈၁)ခြေလျင် တပ်ရင်းမှ တိုင်းပြည်ကာကွယ်ရေးတာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် တပ်မတော်သား များအား ပန်းကုံး၊ ပန်းစည်းများ၊ သပြေပန်းများ၊ အချိုရည်များဖြင့် လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုကြ ကြောင်း သိရသည်။

ခွန်ရဲထွေး