ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  လူငယ်နှင့်ယဥ်ကျေးမှုအကြောင်း သိကောင်းစရာ Talk Show ကျင်းပ

ကွမ်းခြံကုန်း မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌  လူငယ်နှင့်ယဥ်ကျေးမှုအကြောင်းသိကောင်းစရာ Talk Show ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့  ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးနှင့် ဦးသန်းမြင့်(သန်းမြင့်သန်းကွမ်းခြံကုန်း)က    မြန်မာအဘိဓာန်တွင် ယဥ်ကျေးမှုဟူသည် သိမ့်မွေ့နူးညံ့ပြေပြစ်သော  တတ်သိလိမ္မာမှု တိုးတက်ထွန်းကားလာသော လူနေမှုအဆင့်အတန်းဟု ဖွင့်ဆိုထားကြောင်း၊ လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောသဖွယ်ဖြစ်သော ယဥ်ကျေးမှု၊ စည်းလုံးမှုခိုင်မြဲတိုးတက်လေ နိုင်ငံတော်လည်း တိုးတက်ခေတ်မီလာလေဖြစ်ကြောင်းစသည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့်   ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊  ကဗျာရွတ်ခြင်းအပြင် စာအုပ်များငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့် Talk Show အစီအစဥ်များကိုလည်း စဥ်ဆက်မပြတ်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်(IPRD)