မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်စာရင်းစစ် ရုံးဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေး

မာန်အောင် မတ် ၁၄

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယနေ့ နံနက်၁၁နာရီတွင်ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်စာရင်းစစ်ရုံးသို့ သွားရောက်၍ စာအုပ်၊စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွား လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း၊  စသည့် စာအုပ်၊စာစောင်များဖြင့် ကွင်းဆင်းပြီး မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများအား အခမဲ့ ငှားရမ်းပေးခဲ့သည်။

မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာစောင်(အခမဲ့) ငှားရမ်းပေးခြင်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)