စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေနိုင်ရေး ငပြောင်ဆည်ရေသောက်စနစ် နွားတက်မြောင်းခွဲရှိ ရေကျအဆောက်အအုံတစ်ခုအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေများပြည့်ဝစွာပေးဝေနိုင်ရေး ငပြောင် ဆည်ရေသောက်စနစ် နွားတက်မြောင်းခွဲရှိ ရေကျအဆောက်အအုံတစ်ခုအား  မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကျအဆောက်အအုံသည် ကျောက်ဆည်မြို့နယ် လယ်ကြီးကျေးရွာအနီး နွားတက်မြောင်းခွဲ၏ အာဒီ(၇+၀၀၀)တွင်တည်ရှိပြီး နှစ်ကာလကြာမြင့်သောကြောင့် ရေကျအဆောက်အအုံ၏ အဝင်နှင့်အထွက် ကျောက်ဆံလံများနှင့် ကြမ်းခင်းများ ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင်ပေးခြင်းခြင်းဖြစ်ကြောင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၂၄.၀၀၀)ကျပ်သန်းဖြင့် ရေကျအမြင့် (၆)ပေနှင့် ရေကျအဆောက်အအုံ အဝင်အထွက်ကျောက်ဆလံများနှင့် ကြမ်းခင်းများ ပြန်လည်ပြုပြင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရေကျအဆောက်အအုံပြန်လည်ပြုပြင်ပေးခဲ့သဖြင့်  ငပြောင်ဆည်ရေသောက်စနစ် နွားတက်မြောင်းခွဲမှ စိုက်ပျိုးရေးများပေးဝေနေသည့် သီးနှံမျိုးစုံ စိုက်ဧက(၅၀၀)ဧကအား အဆိုပါရေကျအဆောက်အအုံမှ ရေများပြည့်ဝစွာပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)