ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အေရိုးဗစ် သင်တန်း (အခမဲ့)ဖွင့်လှစ်

ကျောက်ဆည် မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးကာ ဉာဏ်ရည်ထက်မြတ်သည့် နိုင်ငံသားကောင်း/သမီးကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အေးရိုးဗစ်သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အေးရိုးဗစ်အားကစားသည် တစ်ဦးတည်(သို့မဟုတ်) အဖွဲ့လိုက် ကစားနိုင်သည့် အားကစားနည်းမျိုး ဖြစ်ကာ အားကစားပြုလုပ်ခြင်းဖြင့် ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည်ထက်မြတ်ခြင်း၊ အမောခံ နိုင်ခြင်း၊ သက်လုံကောင်းခြင်း၊  အရိုးနှင့်ကြွက်သားများ သန်မာစေခြင်း၊ ကာယပိုင်း ၊ဉာဏပိုင်း စိတ်ပိုင်းဆိုင်ရာများ တိုးတက်လာခြင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရောဂါများ ဖြစ်စေနိုင်သည့် အခွင့်အလမ်းများ လျော့နည်းစေခြင်းများအပြင် ငွေကြေးအကုန်အကျမှု သက်သာသည့် အားကစာနည်းဖြစ်ပြီး ကိုယ်အလေးချိန် ထိန်းချုပ်နိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း၊ စသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။

သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်သား/ကျောင်းသူ (၂၅)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှ မတ်(၁၀)ရက်နေ့မှ(၁၆)ရက်နေ့အထိ(၇)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီအား လပ်ရပ်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်အတွက် Myanmar Fiteness Dance သင်တန်း၊ ပန်းချီရေးဆွဲနည်း သင်တန်းများ၊ အေရိုးဗစ်သင်တန်းများအပြင် စာစီစာကုံး ရေးသားနည်း သင်တန်းနှင့် တစ်နိုင်တစ်ပိုင် လက်မှုပညာ သင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)