ကျောက်မဲ မတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈) ရက်နေ့မှစတင်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ အ.ထ.က(၁)ကျောက်မဲ စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ် အ.ထ.က(၁) စာစစ်ဌာနတွင် ဘာသာတွဲ(၁)တွင် စာရင်းရှိ (၁၀၄)ဦး၊ ဖြေဆို (၈၅) ဦး၊ ပျက်ကွက်(၁၉)ဦး၊ ဘာသာတွဲ(၇)တွင် စာရင်းရှိ(၁၀၃)ဦး၊ ဖြေဆို(၉၇)ဦး၊ ပျက်ကွက်(၆)ဦး စာရင်းရှိရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၂၀၇)ဦး စာရင်းရှိရာ (၁၈၂)ဦး ဝင်ရောက်ဖြေဆို လျက်ရှိကြောင်းသိရသည်။
ရူပဘာသာရပ်အနေဖြင့် အ.ထ.က(၁) ကျောက်မဲစာစစ်ဌာနတွင် ကျား (၁၃)ဦး၊ မ (၁၂)ဦး စုစုပေါင်း(၂၅)ဦး ပျက်ကွက်ခဲ့ပြီး၊ ကျား(၅၇)ဦး၊ မ(၁၂၅) ဦး စုစုပေါင်း (၁၈၂)ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း (၈၇.၉၂) ရာခိုင်နှုန်းရှိသည်။
အဆိုပါ အ.ထ.က(၁) ကျောက်မဲစာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များနှင့် မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စနစ်တကျစောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိသည်။
မိုင်းထွန်း(ပြန်/ဆက်)